လ - ဧပြီ 2022

သူ၏ငြိမ်းချမ်းရေးကားတိုင်

ခေတ်သစ် ဒတ်ရှ်ပန်းချီဆရာ Egbert Modderman (အက်ဂ်ဘတ်မော်ဒါမန်း)၏ ‘Simon of Cyrene’ (ကုရေနေပြည်သားရှိမုန်) ဟူသောပန်းချီကားတွင် သုန်မှုန်သောမျက်ဝန်းများ၏အကြည့်က စူးရှသည်။ ရှိမုန်၏မျက်လုံးများက သူ့ထမ်းရသည့်တာဝန်၏ ကြီးမားသည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ကို ဖော်ပြနေသည်။ သမ္မာကျမ်းစာ၌ ရှင်မာကုခရစ်ဝင် ၁၅ အရ ရှိမုန်သည် ရပ်ကြည့်နေသောလူအုပ်ထဲမှ ဆွဲထုတ်ခံရကာ သခင်ယေရှု၏ကားတိုင်ကို ထမ်းပေးရန် အတင်းအကြပ် ခိုင်းစေခံခဲ့ရကြောင်း သိရှိရသည်။

ရှိမုန်သည် သခင်ယေရှုခေတ်အခါက ဂျူးလူမျိုးအများအပြားနေထိုင်သည့် မြောက်အာဖရိကရှိ ကုရေနေမြို့ကြီးမှဖြစ်သည်။ ပသခါပွဲဆင်နွဲရန် ယေရုရှလင်မြို့သို့ သူလာရောက်ခြင်းဖြစ်နိုင်သည်။ ထိုမြို့၌ ဤသို့သော မတရားအဆုံးစီရင်မှု အလယ်တွင် သူရောက်နေကြောင်း သိလိုက်ရသော်လည်း သခင်ယေရှုအား ကူညီခြင်းဖြင့် အဓိပ္ပာယ်ရှိသည့်အမှုလေးကို သူလုပ်ဆောင်နိုင်ခဲ့သည် (မာ ၁၅:၂၁)။

ရှင်မာကုခရစ်ဝင်ကျမ်းအစပိုင်း၌ သခင်ယေရှုက သူ့နောက်လိုက်များအား “အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍…

ထိုအချိန်ကား ညအချိန်ဖြစ်၏

Eli Wiesel (အီလိုင်းဝစ်ဆယ်) ရေးသားသည့် ‘Night’ (ည) ဆိုသည့်ဝတ္ထုက အစုလိုက်အပြုံလိုက် လူသတ်မှု၏ အနိဌာရုံကို ကွက်ကွက်ကွင်းကွင်း တွေ့ကြုံခံစားရစေသည်။ နာဇီသေမင်းတမန်စခန်း၌ သူကိုယ်တိုင်ကြုံခဲ့ရသည့် အတွေ့အကြုံပေါ် အခြေပြုသော ဝစ်ဆယ်၏အဖြစ်က သမ္မာကျမ်းစာပါ ထွက်မြောက်ရာကျမ်းအကြောင်းအရာနှင့် ပြောင်းပြန်ဖြစ်သည်။ ပထမဦးဆုံးသော ပသခါပွဲ၌ မောရှေနှင့် ဣသရေလလူမျိုးများ ကျွန်ခံရာမှ လွတ်မြောက်လာသော်လည်း (ထွ ၁၂)၊ နာဇီတို့သည် ပသခါပွဲအပြီးတွင် ဂျူးခေါင်းဆောင်များကို လိုက်လံဖမ်းဆီးကြောင်း ဝစ်ဆယ်က ပြောပြသည်။

ဝစ်ဆယ်နှင့် သူ၏အဆိုးမြင်ထေ့လုံးငေါ့လုံးကို ကျွန်ုပ်တို့ ဝေဖန်မိသော်လည်း အလားတူ လှည့်ကွက်မျိုး ကျမ်းစာထဲပါရှိကြောင်း စဉ်းစားမိသည်။ ပသခါပွဲညတွင် ရှင်ယေရှသည် ဘုရား၏လူများကို ဒုက္ခဆင်းရဲမှလွတ်မြောက်စေမည်ဟု မျှော်လင့်သော်လည်း ၄င်းအစား သူ့ကိုသတ်မည့်လူများလက်သို့ သူ့ကိုယ်သူ အပ်ခဲ့သည်။

ရှင်ယေရှုအဖမ်းမခံရမီမြင်ကွင်းကို ရှင်ယောဟန်က ဖွင့်ဟပြခဲ့သည်။ သူသစ္စာဖောက်ခံရတော့မည်ဖြစ်၍ “စိတ်နှလုံးတော်ပူပန်ခြင်း”ရှိလျက် (ယော ၁၃:၂၁) ရှင်ယေရှုသည် နောက်ဆုံးညစာစားပွဲ၌…

ချစ်မေတ္တာဖြင့် သယ်ပိုးသည်

လေးနှစ်အရွယ် မြေးလေးက ကျွန်တော့်ပေါင်ပေါ်ထိုင်ရင်း ပြောင်နေသော ကျွန်တော်ခေါင်းကိုပုတ်ပြီး အာရုံစိုက်လျက်ကြည့်သည်။ “ဘိုးဘိုးရဲ့ဆံပင်တွေ ဘာဖြစ်သွားတာလဲ”ဟု သူက မေးရာ “အို နှစ်တွေကြာလာတာနဲ့ ကျွတ်ကုန်တာပေါ့”ဟု ကျွန်တော်ရယ်ပြီး ပြောလိုက်သည်။ သူ့မျက်နှာလေးက စဉ်းစားချင့်ချိန်နေပုံသို့ ပြောင်းသွားပြီး “သိပ်ဆိုးတာပဲ၊ သားရဲ့ဆံပင်အချို့ ဘိုးဘိုးကိုပေးမယ်နော်” ဟု သူတုံ့ပြန်ခဲ့သည်။

သူ၏ကြင်နာစိတ်ကြောင့် ကျွန်တော်ပြုံးလိုက်ပြီး ကျွန်တော့်အနီးသို့ ဆွဲယူ ပွေ့ဖက်လိုက်သည်။ နောက်ပိုင်း ထိုကြည်နူးဖွယ်အခိုက်အတန့်လေး၌ ကျွန်တော့် အပေါ်ထားသည့် သူ့ချစ်ခြင်းကို ဆင်ခြင်ရင်း ဘုရားသခင်၏ကိုယ်ကျိုးမငဲ့၊ ရက်ရောလှသည့် ချစ်မေတ္တာတော်ကို အလေးအနက် ဆင်ခြင်မိသည်။

G. K. Chesterton (ဂျီ ကေ ချက်စတာတန်)က “ကျွန်ုပ်တို့သည် အပြစ်ပြုပြီး အိုမင်းသွားကြသည်။ ကျွန်ုပ်တို့၏အဘခမည်းတော်မှာ ကျွန်ုပ်တို့ထက်ပင် နုပျိုနေပါသည်”ဟု ရေးသားခဲ့သည်။ “အသက်ကြီးသောသူ” (ဒံ ၇:၉)ဟု ဖော်ပြခြင်းခံရသော ဘုရားသခင်သည် ထာဝရဖြစ်ပြီး အပြစ်၏ပျက်စီးယိုယွင်းမှုနှင့် စွန်းထင်းခြင်းမရှိဘဲ…

ကျွန်ုပ်တို့နည်းတူ၊ ကျွန်ုပ်တို့အတွက်

သူ့ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ဘယ်လက်မောင်းရှိ မွေးရာပါအမှတ်တို့ကြောင့် မဝံ့မရဲ ဖြစ်နေ၍ သားဖြစ်သူက ရေကူးရန် ရှပ်အင်္ကျီကို မချွတ်လိုကြောင်း ဒဲရစ် သတိပြုမိသည်။ သူ့သားကိုကူညီရန် စိတ်ပိုင်းဖြတ်လျက် သူ့ကိုယ်ပေါ်၌ သူ့သားနှင့် တစ်ထပ်တည်းတူသည့် အမှတ်အသားတက်တူးထိုးခဲ့သည်။ တက်တူးထိုးသည့် အချိန်က ကြာပြီး နာကျင်လှသည်။

ဒဲရစ်၏သူ့သားအပေါ်ထားသည့် ချစ်ခြင်းက ဘုရားသခင်က သူ့သားသမီး များအပေါ်ထားသော ချစ်မေတ္တာကို ထင်ဟပ်ပြနေသည်။ ဘုရားသားသမီးများဖြစ်သည့် ကျွန်ုပ်တို့သည် “အသွေးအသား” (ဟေဗြဲ ၂:၁၄) ရှိခြင်းကြောင့် သခင်ယေရှုသည် ကျွန်ုပ်တို့ကဲ့သို့ လူ၏အသွင်ယူကာ “အသွေးအသားကို ဆောင်ယူတော်မူ၏” (:၁၅)။ ကျွန်ုပ်တို့ ဘုရားသခင်နှင့် ရန်ငြိမ်းပြေလည်စေရေး သခင်သည် “မိမိညီအစ်ကို(ကျွန်ုပ်)တို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏” (:၁၇)။

ဒဲရစ်က သား၏မဝံ့မရဲ ရှိုးတိုးရှန့်တန့်ဖြစ်နေသည့်စိတ်ကို အောင်နိုင်အောင် ကူညီလိုသည့်အတွက် သား၏ပုံစံ“ကဲ့သို့” သူ့ကိုယ်ကိုပြုပြင်ခဲ့သည်။ ကျွန်ုပ်တို့၏ ကြီးမားလှသည့်ပြဿနာဖြစ်သည့် သေခြင်းတရား၏ကျေးကျွန်ဘဝကို…

Following Jesus To The Cross

Click to Find Out More

May we encourage you to read and reflect during the Holy Week.

ရှင်ယေရှုနှင့်အတူ ကားတိုင်ဆီသို့

ဖတ်ရန်

သန့်ရှင်းသောရက်သတ္တပတ်အတွင်း ဆင်ခြင်သုံးသပ်ရန် ဖတ်ရှုဖို့ တိုက်တွန်းနှိုးဆော်ပါရစေ။